Thursday, June 26, 2008

Friday, June 20, 2008

သတိရမိတဲ့ ငါ့ရွာကလေးဆီသို့

၂ ပတ်ကျော်ကျော်လောက် ခွဲခွာနေရတဲ့ ဝေးကွာနေရတဲ့ ငါ့ရွာကလေးနဲ့ ဒီနေ့ပဲ ငါ့ရွာကလေးဆီကို ငါပြန်ရတော့မယ် ............. ခဏနေဆို ငါ့အဖေလာကြိုတော့မယ်လေ ........ လမ်းတစ်လျှောက်မှာ ရှိတဲ့ ရှုခင်းတွေကို ကြည့်ရင် အုံ့မှိုင်းနေတဲ့ မိုးကောင်ကင်အောက်မှာ မိုးရနံ့ကို ငါရှုရှိုက်ခွင့် ရတော့မယ်လေ .... နေပြည်တော် ကားလမ်းတွေကို ကျော်ဖြတ်ပြီးရင် ငါ့ရွာကလေးကို ငါမြင်ရတော့မယ် ........ တစ်ရွာလုံး အုန်းပင်တွေ အပြည့်နဲ့ ငါ့ရွာလေးသာယာတာကတော့ ပဲရစ်က ရှုခင်းတွေလဲ မှီမယ်လို့ ငါမထင်ဘူး ....... ရွာထဲဝင်လို့ ငါ့အိမ်ရောက်ရင် (၂) ပတ် လောက်ခွဲနေခဲ့ရတဲ့ အမေ့ရဲ့ အပြုံးမျက်နှာက ဆီးကြိုတော့မယ် ....... ငါအရမ်းပျော်တယ် သူငယ်ချင်းတို့ရယ် ......... နင်တို့ရော ငါ့ကိုယ်စား ငါ့ရွာလေးကို တစ်ချက်လောက်မြင်ယောင်ကြည့်ပေးပါအုံး ....... ငါကတော့ ငါ့စိတ်အစဉ် ငါ့အာရုံက ငါ့ရွာကလေးကို ဦးတည်ရင်းနဲ့ပေါ့ .........